လူငယ်များအတွက် Meizu M3s အရည်အသွေး

ကုန်အမှတ်တံဆိပ်အသစ်စက်စက် Meizu M3s များက ယင်းရဲ့ အံ့သြမှင်သက်ဖွယ် သတ်မှတ်အမျိုးအစားများနှင့် အားမာန်ပြည့်ဝသောအသွင်တို့ဖြင့် သိသာထင်ရှားသော အသွင်အပြင်တစ်ခုကို ပြုလုပ်ပေးပါသည်။

Metal အကြောင်း သိကောင်းစရာများ

Meizu M3s များတွင် ၃၆၀° သဲအသုံးပြု ချောမွတ်နည်းပညာဖြင့် ပြုလုပ်စီမံ ထားသည် ချောမွေ့နူးညံ့သော သတ္ထုကိုယ်ထည်တစ်ခု ပါရှိပါသည်။ ကျွန်ုပ်တို့ရဲ့ ဆန်းကြယ်ထွေပြားသော သတ္ထုအရောင်တင်နည်းပညာက Meizu M3s များကို ယင်းရဲ့လှပသော အရောင်များဖြစ်ကြသည့် ငွေရောင်၊ မီးခိုးရောင်၊ ရွှေရောင်နှင့် ရွှေနှင်း ဆီရောင်တို့ဖြင့် ထုတ်ပိုးပေးပါသည်။

၅ လက်မအကျယ်ရှိ 2.5D ဖိသိပ်မှုပြည့် ဖန်သားမျက်နှာပြင်

Meizu M3s များတွင် ကျွန်ုပ်တို့၏ ဆန်းကြယ်ထွေပြားသော ဖိသိပ်မှုပြည့်နည်းပညာ ကျေးဇူးကြောင့် ချက်ခြင်းဆိုသလို သင့်ကိုစိတ်လှုပ်ရှားစေမယ့် အနုစိတ်ဆန်သော ဖန်သားမျက်နှာပြင်တစ်ခု ပါရှိပါသည်။ ကျွန်ုပ်တို့၏ 2.5D ဖန်သားဒီဇိုင်းက မြင်တွေ့နိုင်မှုရသနှင့် လက်ဖ၀ါးအတွင်းရှိ ကြီးကျယ်ခမ်းနားသောခံစားမှုတို့အား သင့်ထံဆောင်ကျဉ်းပေးမှာပါ။

mTouch 2.1 လက်ဗွေစကန်နာ

Meizu M3s များတွင် လက်ဗွေနည်းပညာမှတစ်ဆင့် သင့်ဖုန်းအား ဘေးကင်းလုံခြုံစေမည့် လွယ်ကူချောမွေ့မှုအရှိဆုံးသောနည်းလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးသော mTouch 2.1 ပါဝင်ပါသည်။

Octa-core A53 ပရိုဆက်ဆာ
၃ ဂစ်ဂါဘိုက်ရှိ RAM

အလွန်တရာကောင်းမွန်သော octa-core A53 ပရိုဆက်ဆာက အလွန်တရာကောင်းမွန်သော စွမ်းဆောင်မှုကို ပိုင်ဆိုင်ထားသည့် Meizu M3s များအား ပိုမိုကောင်းမွန်စေပါသည်။
Core ရှစ်ခုကိုအသုံးပြုထားခြင်းက အခြေနေမျိုးစုံတွင် စွမ်းဆောင်မှုနှင့် စွမ်းအင်သုံးစွဲမှုအကြား အကောင်းဆုံးသော ဟန်ချက်တစ်ရပ်ကို အာမခံပေးထားပါသည်။

၁၃-မီဂါပစ်ဇယ်ရှိ ပုံသဏ္ဍာန်ဆုံချက်ဖြတ်

Meizu M3s များက စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အားလုံးအား အချိန်မရွေး၊ နေရာမရွေး သင်ရိုက်ကူးနိုင်စေရန်အတွက် အကူအညီပြုပါသည်။ ၁၃-မီဂါပစ်ဇယ်ပမာဏရှိ ကျောဘက်ကင်မရာက ပုံသဏ္ဍာန်ဆုံချက်ဖြတ်ခြင်းအား အလျင်အမြန် အလိုအလျောက် ပြုလုပ်ပေးရန် အထောက်အကူပြုပါသည်။ ယင်းက ကြီးကျယ်ခမ်းနားသောဓာတ်ပုံများ ရိုက်ကူးခြင်းအား ယခင်ထက် များစွာလွယ်ကူစေပါသည်။ တာဝေးအလင်းဖွင့်ချိန် သို့မဟုတ် မြင်ကွင်းကျယ်ပုံစံအနေအထားတို့ကဲ့သို့ အခြားသော ပုံစံအနေအထားများနှင့်အတူ ကျွန်ုပ်တို့မှ မိုဘိုင်းဖုန်းဓာတ်ပုံပညာအား လုံးလုံးလျားလျား ဆန်းသစ်သော အဆင့်တစ်ရပ်သို့ ဆောင်ကျဉ်းပေးထားပါသည်။