အရောင်အသွေးများစွာ၊ တက်ကြွမှုများစွာ

ရင့်ကျက်ပြီး ဂန္ဓဝင်မြောက်သည့်စတိုင်အဖြစ်ပုံကွဲထွက်ထားလျက် M5C သည် NOBLUE စီးရီးရှိ DNA ကိုအမွေဆက်ခံပါသည်။ ရိုးရှင်းပြီး စလော့တစ်ခုသုံး၊ ကတ်နှစ်မျိုးသုံးဒီဇိုင်းသည် အချိုးအစားညီမျှသည့် အနုရသကို ပကတိဖမ်းယူနိုင်ရန် ကိုယ်ထည်အကွေးထဲမှာ အံဝင်ခွင်ကျ အတိပြီးပါသည်။ သိမ်မွေ့ညက်ညောလှသည့် ရွှေရောင်နှင့်အနက်ရောင်အပြင် M5C ကိုအခြားအရောင်အမျိုးမျိုးဖြင့်လည်းဝယ်ယူနိုင်ပါသည် - အနီဆွေးရောင်၊ ပင်လယ်ပြာရောင်၊ ပန်းနုရောင်တို့ရှိပါသည်။ သင်နှင့်လိုက်ဘက်မည့် အရောင်တစ်ခု ကျိန်းသေရှိနေပါသည်။

craftsmanship

CNC အကွေး နှင့် ပိုလီကာဗွန်နိတ်ဖြင့်ပုံသွင်းထားသည်

အကောင်းစား ပိုလီကာဗွန်နိတ်ကို တစ်ခုလုံးအဖြစ်ပုံသွင်းထားပြီး တူညီကျစ်လစ်ပြီး တာရှည်ခံသည့် အချောထည်တစ်ခု ဖြစ်လာစေရေးအတွက် နောက်ကျောဘက်အဖုံးကို 85°C ၌အစဉ်မပြတ် အပူပေးထားသလိုစပရေးဖြင့်လည်း ဆေးအုပ်ထားပါသည်။ အလွန်လှပသိမ်မွေ့လှသည့် လက်ရာနှင့်အတူ နေရာတိုင်းသော့ချက်တိုင်းမှာ တိကျမှုအလွန်မြင့်မားသည့် CNC နည်းပညာကိုသုံးထားပါသည်။ ကျစ်လစ်ကြော့မော့ပြီး စတိုင်ကျလှပသည့် M5C ကိုဖန်တီးရာတွင် ရှုပ်ထွေးသည့် ထုတ်လုပ်မှုအဆင့်ဆင့် ဒါဇင်ပေါင်းများစွာနှင့် ဇိမ်ခံအထည်ပစ္စည်းတို့မှာ အပြစ်ကင်းသည့်ပကတိ ပေါင်းစပ်မှုဖြစ်သည်။

Quad-core 64-bit ပရောဆက်ဆာ၊ 2GB မြန်နှုန်းမြင့် မန်မိုရီ

1.3 GHz ထည့်သွင်းထားသည့် Quad-core 64-bit ပရောဆက်ဆာဖြင့် အားဖြည့်ထားလျက် M5C တွင် စံနှုန်းပြည့် 2GB မန်မိုရီနှင့် 16GB ဖလက်ရှ်မန်မိုရီပါရှိုသဖြင့် မန်မိုရီမလုံလောက်မှုဖြစ်မှာကို သင်ပူစရာမလိုတော့ပေ။ လုံးဝအသစ်စက်စက် Flyme 6 One Mind AI အရှိန်မြှင့်တင်မှု နည်းပညာသည် ပါဝါသုံစွဲမှုအားအလိုက်သင့်လျော့ချပေးပြီး မန်မိုရီကိုပညာသားပါပါသုံးစွဲပေးသဖြင့် အတုမရှိပြိုင်ဘက်ကင်းသည့် အတွေ့အကြုံကိုပေးစွမ်းပါသည်။

အရွယ်အစားသေးငယ်သော်လည်း စွမ်းပကားကြီးမားလှသည်

အလေးချိန်အားဖြင့် 135 ဂရမ်သာရှိပြီး 8.3 မီလီမီတာသာထူသော်လည်း ဤဖုန်းတွင် စူပါအားသွင်းထားသည့် 3000 mAh ဘက်ထရီကို ထည့်သွင်းထားပါသည်။ ထို့အပြင် ခေတ်မီအဆင့်မြင့်သည့် Flyme စနစ်သည် ကိစ္စရပ်ရာပေါင်းများစွာအတွက် အသင့်တော်ဆုံးဖော်ဆောင်ထားသည့် စွမ်းအင်-ချွေတာရေးဖြေရှင်းမှုများကို ပေးစွမ်းထောက်ပံ့ထားသည်။ ထိုသို့အားဖြင့် ပါဝါသုံးစွဲမှုအများဆုံးဖြစ်သည့် အခြေအနေများကို သင် လွယ်လင့်တကူ သုံးစွဲဖြေရှင်းနိုင်မည်ဖြစ်သည်။

8- မီဂါပစ်ဆယ် ပင်မကင်မရာပါပြီး အရောင်နှစ်မျိုးသုံးမီးရောင်

8- မီဂါပစ်ဆယ်တပ် 4-အစိတ်အပိုင်းမှန်ဘီလူး မော်ဂျူးနှင့် ပညာရှင်သုံး F/2.0 အလင်းဝင်ပေါက်တို့ကို စွမ်းအားပြည့် အရောင်နှစ်မျိုးသုံးမီးဖြင့် အချောသတ်ထားသဖြင့် အလင်းရောင်မှိန်ဖျော့ဖျော့အောက်မှာပင်လျှင် တိကျမှန်ကန်စွာ အရောင်အသွေးခွဲပေးကာ၊ရှင်းလင်းစွာအရောင်စပ်ပေးသော ကြည့်၍ အလွန်ကောင်းသည့် ဓါတ်ပုံများကို သင်ရိုက်ယူနိုင်မှာဖြစ်ပါသည်။ သင်ကအနုပညာကိုချစ်မြတ်နိုးသူဖြစ်စေ အမှတ်တရဓါတ်ပုံရိုက်ယူလို၍ဖြစ်စေ ဓါတ်ပုံရိုက်ကူးရာတွင် ပျော်စရာကောင်းပြီး ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးရန် အပိုဆောင်း စတိုင်ဖဲလ်တာများအစုံ 11 စုံဖြင့် ဒီဇိုင်းပုံဖော်ထားပါသည်။

  • အလင်းအားကောင်းသည့် ပုံများ F/2.0 အတွက် အလင်းဝင်ပေါက်

  • အသားအရောင် ကောင်းမွန်လှပမှုနှင့်လိုက်လျောညီထွေမှုရှိစေရန် အချိုးအစားကျစွာဖြင့် အလှအပကိုပညာသားပါပါညှိပေးခြင်း။

  • တစ်သီးပုဂ္ဂလသုံးတည်းဖြတ်မှုအတွက် စတိုင်ဖဲလ်တာများအစုံ 11 စုံ

5-လက်မ HD စခရင်

ခေတ်မီဆန်းသစ်သော GFF အလွှာလွှာအပြည့်ဖြစ်အောင်လုပ်သည့် နည်းပညာဖြင့် အားဖြည့်ထားသော 5-လက်မ HD စခရင်ကိုထည့်သွင်းထားသည့် M5C သည် စူးရှတောက်ပမှုကို လျှော့ချပေး၍ ပုံများကို ကြည်လင်ပြီး ပြတ်သားစေပါသည်။ နေ့ညမရွေး သင့်မျက်လုံးကိုကာကွယ်ပေးရန် စခရင်အလင်းတောက်ပမှုကို အလိုအလျှောက်ချိန်ညှိပေးပါသည်။ အဆင့်မြင့် အရောင်စီမံမှုဝိသေသသည် အရောင်နွေးမှအေးမြသည့် အရောင်အသွေးမျိုးစုံကို ပေးစွမ်းပါသည်။

အနာအဆာကင်းပြီးချောမွေ့သော ပြောင်းလဲခြင်းအတွက် နှစ်မျိုးသုံး SIM နှစ်မျိုးသုံး အရန်သင့် (DSDS)

ကမ္ဘာနှင့်ချီ၍ လူကြိုက်များလှသည့် 2G/3G/4G ကွန်ရက် အပြင် M5C တွင် ဖုန်းနံပါတ်နှစ်ခုကို ကီးတစ်ခုတည်းဖြင့် အခက်အခဲမရှိဘဲချောမွေ့စွာ ပြောင်းလဲရန် အတွက် DSDS ဝိသေအားထည့်သွင်းထားသည်။ တိကျမှန်ကန်သည့် GPS စနစ်၊ ပြင်ပကုမ္ပဏီပိုင် မြေပုံလမ်းပြသောအပ်ပလီကေးရှင်းတို့ဖြင့်ပေါင်းစပ်ထားသဖြင့် သင့်လမ်းကြောင်းများကို ကုံလုံစွာစီမံနိုင်စေသည်။ မရောက်ဖူးသည့်မြို့ကြီးများတွင်တစ်ကိုယ်တော်ဖြစ်စေကာမူ M5C သည် သင်သွားလိုသည့်နေရာတိုင်းကို လမ်းညွှန်ပေးနိုင်ပါသည်။

မှတ်ချက် -
  • 1. ဤဝဘ်ဆိုက်တွင် ဖော်ပြထားသည့် ကုန်ပစ္စည်းများ၊ ထုတ်ကုန်ပစ္စည်း မော်လ်ဒယ်များ၊ စမ်းသပ်ဒေတာ၊ လုပ်ဆောင်ချက်စွမ်းဆောင်မှုနှင့် အသေးစိတ်စံချိန်စံညွှန်းများအားလုံးသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ပြောင်းလဲနိုင်သည်။ ထုတ်ကုန်ပစ္စည်း နှင့် ကုန်ပစ္စည်းလက်စွဲစာအုပ်တို့အပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။
  • 2. သို့တည်းမဟုတ် မဖော်ပြပါက၊ ဤဝဘ်ဆိုက်၏ဒေတာအားလုံးသည် Meizu လက်တွေ့စမ်းသပ်ခန်းမှ စမ်းသပ်ရလဒ်များကို ကိုယ်စားပြုပါသည်။ ကွဲပြားခြားနားသည့် အခြေအနေများလက်အောက်တွင် ဒေတာ အချက်အလက်များသည့် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပေသည်၊ သို့ပါသဖြင့် အသုံးပြုသူများသည် ထုတ်ကုန်ပစ္စည်းအား လက်တွေ့ ကိုယ်ပိုင် တွေ့ကြုံခံစားရမှုအပေါ်တွင် အမှီပြုရန် လိုအပ်ပေသည်။